တောင်အာဖရိကတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အသွားအလာ ကန့်သတ်ချက်များ တိုးမြှင့်

၂၉ ဒီဇင်ဘာ

 

 

တောင်အာဖရိက နိုင်ငံတွင် ဗီဖပြောင်း ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

 

 

ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုမှာ တောင်အာဖရိတွင် လွန်စွာ ပျံ့နှံ့ကူးစက်လျက်ရှိသဖြင့် အလွန်စိုးရိမ်ဖွယ်ရာကောင်းသဖြင့် ယခုကဲ့သို့ စည်းမျဉ်းများ ချမှတ်ရခြင်းဖြစ်ကြောင်း တနင်္လာနေ့ အတွင်းက သမ္မတ ဆိုင်ရေးလ်ရာမာဖိုဆာက ပြည်သူများသို့ ပြောကြားခဲ့သည်။

 

 

အလုံပိတ် ခန်းမများနှင့် လူစုလူဝေး စုရုံးခြင်းများကို တားမြစ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အခြား စီးပွားရေး လုပ်ငန်းများကို ည ၈ နာရီတွင် ပိတ်ထားရမည် ဖြစ်သည်။

 

 

‌ညမထွက်ရအမိန့် ဆက်လက်တိုးမြှင့်ခဲ့ပြီးနောက် တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက အရက်ဆိုင်များ ပိတ်ထားရန် ၄င်းက ကြေညာခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn