တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃၀၀ ဦး ရှိလာ

၂၁ ဧပြီ

တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်မှာ ယခင်အရေအတွက်ထက် ၁၄၂ ဦး ထပ်မံတိုးလာရာ ကူးစက်ခံရသူ ၃၃၀၀ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး Zweli Mkhize က ယမန်နေ့က ပြောကြားခဲ့သည်။

 

ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လေးဦးအထက်ရှိရာ သေဆုံးသူပေါင်း ၅၈ ဦး ရှိလာကြောင်းနှင့် ပြန်လည်ကောင်းမွန်လာသူ ၁၀၅၅ ဦး ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

ဂေါ်တန်ပြည်နယ်သည် ကိုဗစ်ဖြစ်ပွားရာ ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေပြီး ကူးစက်ခံရသူအရေအတွက် ၁၁၇၀ ဦး ရှိိကာ ကိပ်အနောက်ပိုင်းတွင် ကူးစက်ခံရသူ ၉၄၀ ဦးနှင့် ကာဇူလူ-နာတယ် တွင် ကူးစက်ခံရသူ ၆၃၉ ဦး  ရှိသည်။

 

နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များစွာတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ပွားခဲ့သည်။

 

ကိပ်အနောက်ပိုင်းရှိ အကျဉ်းထောင်များတွင် ကူးစက်ခံရသူ အရေအတွက်မှာ ယမန်နေ့ကအထိ ၁၁၁ ဦး ရှိသည်။

 

ကိပ်အရှေ့ပိုင်းတွင် အကျဉ်းသား ၅၆ ဦးနှင့် တာဝန်ရှိသူ ၃၁ ဦး ၊ လမ်ပိုပိုပြည်နယ်တွင် တာဝန်ရှိသူ နှစ်ဦးတို့ ကူးစက်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို