တစ်ပတ်အတွင်း အကြိမ်အများဆုံးထုတ်လွှင့်ခဲ့ရတဲ့ တေးသီချင်း Butter

Butter တေးသီချင်းဟာ တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ် တဲ့ BTS ရဲ့ နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ တေးသီချင်းတစ်ပုဒ်ပါ။ အဆိုပါတေးသီချင်းဟာ BTS အတွက် အောင်မြင် မှုတွေကို ထပ်ဆောင်းယူဆောင်လာတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး လတ်တလောမှာ အဆိုပါ တေးသီချင်းဖြင့် စံချိန်သစ်ထပ်မံတင်နိုင်ခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဇွန် ၂ ရက်မှာ အဆိုပါ တေးသီချင်းဟာ အော်ရီဂွန်တေးဂီတဇယားရဲ့ တစ်ပတ်အတွင်း အကြိမ်အများဆုံး ထုတ်လွှင့်ခဲ့ရတဲ့ တေးသီချင်း ဇယားမှာ နံပါတ်တစ်နေရာ ရယူထားနိုင်ခဲ့တာ တွေ့ရပါတယ်။ မေ ၂၄ မှ ၃၀ ရက်အတွင်း အကြိမ် အများဆုံး ထုတ်လွှင့်ပေးခဲ့ရတာဖြစ်ပြီး စုစုပေါင်း အကြိမ်အရေအတွက် ၃၁၁၃၀၃၅၂ ကြိမ် ထုတ်လွှင့်ပေးခဲ့ရကြောင်းလည်း သိရပါတယ်။

Butter ဟာ တစ်ပတ်အတွင်း အကြိမ်အများဆုံး ထုတ်လွှင့်ခဲ့ရတဲ့ တေးသီချင်းဖြစ်ရုံသာမက အော်ရီဂွန် ရဲ့ သမိုင်းတစ်လျှောက်မှာလည်း မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။ အဆိုပါ တေးသီချင်းဟာ အော်ရီဂွန်မှာ တစ်ပတ်အတွင်း အကြိမ်အများဆုံးထုတ်လွှင့်ခဲ့ရတဲ့ တေးသီချင်းတွေအနက် အကြိမ် အရေအတွက်အများဆုံး ထုတ်လွှင့်ခဲ့ရတဲ့ တေးသီချင်းအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အေးပြည့်