တာမွေမြို့နယ်တွင် အဝတ်လျှော်စက် အပူလွန်ကဲရာမှ မီးလောင်

ရန်ကုန်   ၁  ဇူလိုင်     

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက် ဗညားဒလလမ်းရှိ တိုက် (A/2) အခန်း(၆၁၀) နေအိမ်တွင် ယနေ့မွန်းလွဲ ၂ နာရီ ၃၉ မိနစ်အချိန်က အဝတ်လျှော်စက်အတွင်းရှိ မော်တာအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှု ဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ  ၂ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင် ဦးလှမျိုးသိန်းအား တာမွေမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

နိုင်လင်းအောင် (တာမွေ)