တာမွေမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ခြင်းထိုးနည်း သင်တန်းဖွင့်လှစ်

ရန်ကုန်   ၂၃     စက်တင်ဘာ      


တာမွေမြို့နယ်အတွင်းရှိ အမျိုးသမီးများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စီစဉ်ဖွင့်လှစ်သော အိမ်တွင်းလက်မှု သင်တန်းအဖြစ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ခြင်းထိုးနည်း သင်တန်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အဝေရာလမ်းရှိ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)ခန်းမ၌ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့သည်။


အဆိုပါ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ခြင်းထိုးနည်း သင်တန်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ စီစဉ်မှုဖြင့် ဆရာမဒေါ်စန်းစန်းနွဲ့မှ အခကြေးငွေမယူဘဲ ပညာဒါနအနေဖြင့် သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်း၌ ရိုးရာခြင်းတောင်း ထိုးရာတွင် သိသင့်သိထိုက်သည့်အချက်များနှင့် နည်းစနစ်များကို သင်တန်းသူ(၃၀)ဦးတို့အား စက်တင်ဘာ(၂၃)ရက်မှ (၂၄) ရက်နေ့အထိ (၂)ရက်ကြာ လက်တွေ့ပြသ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင် (တာမွေ)