တာမွေမြို့နယ် ရပ်ကွက်အချို့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်

ရန်ကုန်  ၃  ဇန်နဝါရီ  

 

ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင်  66kV  သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်း အဆင့်မြှင့်တင်ရန်နှင့် သာကေတမြို့နယ် သပြေကုန်းရပ်ကွက်  (၂/တောင်)ရပ်ကွက်  မင်းနန္ဒာလမ်း နှင့် သုမနလမ်းထောင့်ရှိ Fortune Plaza  အိမ်ရာစီမံကိန်းတွင် လျှပ်စစ်ဓာတ်အား  ရရှိရေး 66kV ဓာတ်အားလိုင်းနှင့် (66/11)kV .(15)MVA ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် မလွတ်ကင်းသော 66 kV သာကေတ-ပုသိမ်ညွန့်  ဓာတ်အားလိုင်း 33kV  သာကေတ-ပုသိမ်ညွန့်  ဓာတ်အားလိုင်းတို့အား  ဇန်နဝါရီ ၃ ရက် (ကြာသပတေးနေ့) နံနက် ၁၀နာရီမှ  မွန်းလွဲ ၂ နာရီအထိ  ယာယီဓာတ်အားပိတ် လုပ်ငန်း ဆောင်ရွက်သဖြင့်  တာမွေမြို့နယ်အတွင်းရှိ  မေတ္တာညွန့်ရပ်ကွက်  နတ်ချောင်းရပ်ကွက် ကျားကွက်သစ်ရပ်ကွက်  မလွှကုန်းဌေးကြွယ် ရပ်ကွက်  ပုသိမ်ညွန့်စံပြရပ်ကွက် တာမွေကြီး က/ဂ ရပ်ကွက်  တာမွေကြီး  ခ ရပ်ကွက်နှင့် ဗျိုင်းရွာမ ရပ်ကွက် တို့တွင်  လျှပ်စစ်ဓာတ်အား  ယာယီပြတ်တောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

မို့မို့အောင် (ပြန်/ဆက်)