တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်တွင် နှစ်မိနစ်ခန့် မီးလောင်မှုဖြစ်ပွား

ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ဓမ္မဒါနလမ်း၊ တိုက်အမှတ် E တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တာမွေနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ ပတ်ဝန်းကျင်ရှိ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN