ရန်ကုန် ၁၃ စက်တင်ဘာ  
     


တာမွေမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးရန်အောင်မျိုးသည် အသင်းသား/သူများနှင့်အတူ ယနေ့နံနက် (၁၀.ဝ၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး  ရန်ကုန်အရှေ့ပိုင်းခရိုင်  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်(၁) ကွမ်းအပ်သားမင်းသားလမ်း အမှတ်(၁၀)ရှိ ဇာမဏီဖယောင်းသိုလှောင်ရုံ Level(4) မီးလောင်မှုတွင် အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို စွမ်းစွမ်းတမံကာကွယ်မီးငြှိမ်းသတ်ရင်း ဒဏ်ရာရရှိသွားသော မီးသတ်တပ်ဖွဲ့ဝင်ငါးဦးနှင့် မီးလောင်မှုအား တာဝန်သိစိတ်ဖြင့် ကူညီဆောင်ရွက်ပေးရင်း ဒဏ်ရာရရှိခဲ့သော ပြည်သူလေးဦးတို့အား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


နိုင်လင်းအောင် (တာမွေ)