တာလီဘန်တို့အပစ်အခတ်ရပ်စဲရန် အာဖဂန်အရာရှိ တောင်းဆို

၂ အောက်တိုဘာ

 

အာဖဂန်အကြီးတန်းအရာရှိတစ်ဦးက တာလီဘန်တို့အပစ်အခတ်ရပ်စဲရေး စတင်လုပ်ဆောင်ကြရန် တောင်းဆိုခဲ့သည်။

 

အဆိုပါစစ်သွေးကြွအုပ်စုသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်။

 

၂၀၀၁ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တိုက်ပွဲများအဆုံးသတ်ရန် ကြိုးပမ်းသည့်အနေဖြင့် အာဖဂန်အစိုးရနှင့်တာလီလန်တို့သည် စက်တင်ဘာလလယ်တွင် ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စတင်လုပ်ဆောင်ခဲ့သည်။

 

ထိုတာလီဘန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးဆောင်သူဖြစ်သော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကောင်စီအကြီးအကဲ အဗ္ဗဒူလာ အဗ္ဗဒူလာ က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်လုပ်ဆောင်ချိန်ကတည်းက တိုက်ပွဲများပိုမိုပြင်းထန်လာသည်ဟု ဒေသခံမီဒီယာကို ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို