တာချီလိတ်၌ သေနတ်ကိုင်သူနှစ်ဦး နန်းနန်းဘွန်းကျောက်ရွှေဆိုင် (၂)၌ ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွား

တာချီလိတ် ၃  ဇွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အိမ်အမှတ်(၇/၁၁)၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၊ မဲခေါင်မြစ်ဟိုတယ်အနီး နန်းနန်းဘွန်း ကျောက်ရွှေဆိုင်(၂)၌ သေနတ်ကိုင်ဆောင်ထားသူ နှစ်ဦးက ရွှေထည်ပစ္စည်း ၈၀ ကျပ်သားခန့်ကို ဇွန် ၃ ရက် နေ့လယ်ပိုင်းတွင် လုယက်သွားကြောင်း သိရသည်။

 

hahf

 

မွန်းလွဲ၂ နာရီခွဲတွင် မျက်နှာဖုံးစွပ်လူ နှစ်ဦးက ရွှေဆိုင်အတွင်းဝင်လာကာ တစ်ဦးက သေနတ်ဖြင့်ချိန်ပြီး နောက်တစ်ဦးက ရွှေထည်ပစ္စည်များအား ထည့်ယူသွားကြောင်း၊ ဆိုင်တွင်ခင်းကျင်းပြသထားသည့် ရွှေအချို့ ပါသွားကြောင်း၊ အဆိုပါ လုယက်မှုတွင် ရွှေဆွဲကြိုး၊ ရွှေဟန်းချိန်း(အရေအတွက်စိစစ်ဆဲ) စုစုပေါင်းခန့်မှန်းအလေးချိန် ၈၀ ကျပ် သားခန့် လုယူသွားကြောင်း ကနဦးသတင်းအရ သိရသည်။

 

jfakf

''လူနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီး မျက်နှာဖုံးစွပ်နဲ့ ရွှေဆိုင်အတွင်း ဝင်သွားတာ တွေ့လိုက်ရတယ်၊ ကျွန်တော်လိုက်ကြည့်တော့ ကျွန်တော်ကို သေနတ်နဲ့ သုံးခါလောက် ထုတ်ချိန်လို့ ကြောက်ပြီး ပြန်လာခဲ့တယ်''ဟု အခင်းဖြစ်ရပ်တွင် ရှိနေသူ တစ်ဦးက ပြောသည်။

 

jwhf

အမှုမှ လုယူသူ အမည်မသိ အမျိုးသား နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်း ဒုရဲမှူး သန်းထွန်းအောင်၊ နယ်ထိန်းခေါင်းဆောင် ရဲအရာခံ ကျော်ဇေယျနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက  မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)