တာချီလိတ်၌ ကျေးရွာနေတောင်သူများအား ဘိန်းအစားထိုးသီးနှံ (နှစ်ချင်းသီးနှံ) များနှင့် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

တာချီလိတ် ၁ ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာနေတောင်သူများအတွက် ဘိန်းအစားထိုးသီးနှံ (နှစ်ချင်းသီးနှံမျိုးစေ့) များနှင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ခြင်းကို နေ့ ဇွန် ၁ ရက် နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က နှစ်ချင်းမျိုးစေ့များပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲမှူး မျိုးမင်းလှိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်တို့က အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့အဖြစ် နယူးဧရာ-၁ အထူးအထွက်တိုး စပ်မျိုးစပါးများနှင့် သွင်းအားစုဓာတ်မြေဩဇာများ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအတွင်း စိုက်ပျိုးမည့် တောင်သူများအား ဆင်းဧကရီ-၃ မျိုးသန့်စပါးများ၊ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဖြိုးလေး(ပြန်/ဆက်)