တာချီလိတ်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား   Covid-19 ကာကွယ်ဆေး ထိုးနှံပေး

တာချီလိတ် ၊   ၂၇   ဇန်နဝါရီ

 

မြန်မာ-ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် Covid-19 ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများအား ယနေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယမန်နေ့က ပေးပို့လာသော Covid-19 ကာကွယ်ဆေးကို တာချီလိတ်ခရိုင် Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်၊ မြို့နယ်ကိုဗစ် တားဆီး ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ကော်မတီဝင်များက လက်ခံခဲ့ကြပြီး တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်၊ တာလေ၊ ကျိုင်းလတ်၊ မိုင်းကိုး၊ ဝမ်ပုံတို့ရှိ ကျန်းမာရေးဝန်ထမ်းများအားလုံးကို ထိုးနှံပေးခြင်းဖြစ်သည်။

 

ပေးပို့လာသော ကာကွယ်ဆေးများ အလုံးရေ ၃၉ လုံးရှိပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၁၈ နှစ် အောက်များမှ လွဲ၍ တာချီလိတ်မြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း ၃၇၀ ကျော်ကို ယနေ့အပြီး ထိုးနှံပေးရန်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံမှ သိရသည်။

 

ယာဆေး(ပြန်/ဆက်)