တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး မြေကာနံရံတည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်

တာချီလိတ် ၁၂ မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး ကွန်ကရစ်လမ်းသား တိုးချဲ့နိုင်ရန် မြေကာနံရံပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် ဒုတိယ(၃) လပတ် ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့ ငွေလုံးငွေရင်းဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး မြေကာနံရံပြုလုပ်ခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ ကပ်တုံးပြုလုပ်ခြင်းနှင့် ကွန်ကရစ်လမ်း တိုးချဲ့ခြင်းများကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကွန်ကရစ်လမ်းသားမတိုးချဲ့မီ မြေကာနံရံများတည်ဆောက်ခြင်း၊ အုတ်စီရေမြောင်း တည်ဆောက်ခြင်းများ ပြီးစီးပါက လျှပ်စစ်ဓာတ်တိုင်များ ရွှေ့ပြောင်းခြင်းနှင့် ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)

 

mdn