တာချီလိတ်ခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ တော်ဝင်စက်သုံးဆီဆိုင်မှ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

တာချီလိတ်     ဩဂုတ် ၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသို့    "တော်ဝင် " စက်သုံးဆီရောင်း ဝယ်ရေးလုပ်ငန်းမှ ထိုင်းဘတ် ၆၀၀၀၀ကျော်တန်ဖိုးရှိ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဩဂုတ် ၃ ရက် ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုပေါင်းရုံးတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ဦးကြည်မြင့်နှင့် ဒေါ်နန်းခမ်းမိသားစု "တော်ဝင် "စက်သုံးဆီရောင်း ဝယ်ရေး လုပ်ငန်း မှ   စုစုပေါင်းထိုင်းဘတ်ငွေ ( ၆၀၇၄၀)တန်ဖိုးရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်း (၆) မျိုးကို မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနေဦးနှင့်အဖွဲ့ဝင်များက ပေးအပ်ခဲ့ရာ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဌ ဦးမြင့်နိုင် နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီးနောက်  ဂုဏ်ပြုလက်မှတ်ကိုပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါ "တော်ဝင်"စက်သုံးဆီအရောင်းဆိုင်မှ လှူဒါန်းသည့် ပစ္စည်းခြောက်မျိုးမှာ နှာခေါင်းစည်း Mask(၂)ဖာ၊ ပါရာစီတမောကတ်ရေ ၂၄၀၀ ကတ်၊ PPE ဝတ်စုံ ၂၀၀ ၊ PULSE OXIMETER၄ ခု၊ သောက်ရေသန့်ကတ်  ၅၀၀၊  ကိုရီးယားခေါက်ဆွဲ  ၁၄၄ ဘူး  တို့ဖြစ်ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)