တာချီလိတ်ခရိုင်အတွင်း လေထုညစ်ညမ်းမှု လျှော့ချရေးဌာန ပေါင်းစုံပါဝင်သော ပူးပေါင်းအဖွဲ့များက ကွင်းဆင်းအသိပညာပေး ဟောပြော

တာချီလိတ်  ၂၃   ဖေဖော်ဝါရီ 

နှစ်စဉ်နွေဦးရာသီရောက်တိုင်း မီးခိုးငွေ့များဖုံးလွမ်းမှုကြောင့် မီးခိုးမြူများကြိုတင်ကာကွယ်ရေးနှင့် လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျေးရွာအုပ်စုများအတွင်း တောမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရန် ဌာနပေါင်းစုံပါဝင်သော ပူးပေါင်းအဖွဲ့များက အသိပညာပေးဟောပြောခြင်းကို တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီအချိန်က သွားရောက်ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင် ဦးဆောင်သော သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဥပဒေအထောက်အကူပြုအဖွဲ့၊ စသည့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ ၃ နာရီအချိန်တွင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝေလှေလန်ကျေးရွားသို့ သွားရောက်ခဲ့ပြီး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြရာ ပြည်သူလူထု စုစုပေါင်း ၄၇၅ ဦးကိုအသိပညာပေး ဟောပြောဆွေးနွေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)