တာဇံမင်းသား ဂျိုးလာရာ ကွယ်လွန်

တစ်ချိန်က တောတွင်းသား တာဇံနေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ မင်းသားကြီး ဂျိုလာရာဟာ လေယာဉ်ပျက်ကျမှုကြောင့် လတ်တလောမှာ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Tarzan: The Epic Adventures ရုပ်သံ ( ဇာတ်လမ်းတွဲနဲ့ ကျော်ကြားခဲ့တဲ့ ဂျိုးလာရာလိုက်ပါလာတဲ့ လေယာဉ်ဟာ တန်နက်ဆီပြည်နယ် စမာရာမြို့အနီးမှာ ပျက်ကျခဲ့ပြီး သူနဲ့ အတူ ဇနီးဖြစ်သူ ဂွမ်လာရာလည်း သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အေးပြည့်