ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့ လာရောက်လေ့လာကြည့်ရှုသူများပြား

ဇလွန် ၄ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် အ.ထ.က (၁) ကျောင်း၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် စာအုပ်စာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ရာ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့ လာရောက်လေ့လာသူ များပြားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းတွင် ဧရာဝတီတိုင်းအတွင်းမှ ပေါ်ထွက် လာသော သမ္မတဓာတ်ပုံများ၊ နိုင်ငံရေး၊ စာပေ၊ အနုပညာဂီတ နယ်ပယ်အသီးသီးတွင် ကျော်ကြား သည့် ဧရာဝတီတိုင်းသားများ၏ ဓာတ်ပုံများကို ချိတ်ဆွဲပြသထားရာ လာရောက်လေ့လာသူများဖြင့် စည်ကားနေကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)