ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၁၀/၂၀၂၀)

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ရက်)

 

(မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်‌ရောက်ခဲ့သော တိုင်ဖွန်းမုန်တိုင်း “မိုလေ့(MOLAVE)၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့် (၂၉.၁၀.၂၀၂၀)ရက်နေ့မှ (၅.၁၁.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန