ထရစ်ပီယာကို ခေါ်ယူရေးတွင် မန်ယူနှင့် စပါးအသင်းတို့ နယူးကာဆယ်အသင်းနှင့်အပြိုင်ပါဝင်လာ

ဒီဇင်ဘာ ၂၅

မန်ယူနှင့် စပါးအသင်းတို့သည် လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းမှ အင်္ဂလန်ခံစစ်ကစားသမား ထရစ်ပီယာကို ခေါ်ယူရေးတွင် နယူးကာဆယ်အသင်းနှင့်အပြိုင် ပါဝင်လာခဲ့ သည်။

အသက် ၃၁ နှစ်အရွယ် အဆိုပါ ခံစစ်ကစားသမားသည် ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလတွင် စပါးအသင်းမှ ထွက်ခွာကာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်ရာသီက အက်သလက်တီကို မက်ဒရစ်အသင်း လာလီဂါအမှတ်ပေးဖလား ဆွတ်ခူးရရှိအောင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီပေးထားနိုင်သူဖြစ်သည်။ နည်းပြ ဟိုဝီသည် ထရစ်ပီယာ၏ခြေစွမ်းကို ကြိုက်နှစ်သက်သူ ဖြစ်သည့်အတွက် နယူးကာဆယ်အသင်းအနေဖြင့် ထရစ်ပီယာကို အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအမြင့်ဆုံးပေးချေကာ အသင်းသို့ ခေါ်ယူရန် ဆန္ဒရှိနေသည်။

ထို့ကြောင့် နယူးကာဆယ်အသင်းသည် ထရစ်ပီယာကို ခေါ်ယူရေးတွင် အခြားသောအသင်းများထက် လက်ဦးမှုရရှိဖွယ် ရှိနေသည်။

မိုးဇက်