ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား နှင့် ဆင့်ပွားသင်တန်းပို့ချ

လွိုင်ကော်  ၄   နိုဝင်ဘာ

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ၂/၂၀၁၉ ထပ်ဆင့်ရှင်းလင်းခြင်း ၊ ISSAI COMPLIANT FINANCIAL AUDIT နှင့် PERFORMANCE AUDIT ဆင့်ပွားသင်တန်းပို့ချခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက  လွိုင်ကော်မြို့၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

5

 

အခမ်းအနားတွင် ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်းမှ အဖွင့်အမှာစကားပြောကြား၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ၂/၂၀၁၉ မှ အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပြီး ညွှန်ကြားရေးမှူး ဒေါ်မြင့်သီတာမှ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ၂/၂၀၁၉ မှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ISSAI COMPLIANT FINANCIAL AUDIT ဆင့်ပွားသင်တန်းအား ပြည်နယ် စာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်အိုင်းဒါ နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းအေးတို့မှ ရှင်းလင်းပို့ချခဲ့ပြီး PERFORMANCE AUDIT ဆင့်ပွားသင်တန်းကို လွိုင်ကော်ခရိုင် စာရင်းစစ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းက ရှင်းလင်းပို့ချသည်။ 

 

အဆိုပါဆင့်ပွားသင်တန်းသို့ ကယားပြည်နယ်အတွင်းရှိ စာရင်းစစ်ရုံးအသီးသီးမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

လွိုင်ကော်သား