ထန်းတပင်မြို့တွင် ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ဒေသစာရီကြွချီ

ထန်းတပင်   ၁၅   အောက်တိုဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝ လိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံယူပွဲတော်ကို (သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့ အောက်တိုဘာ(၁၄)ရက်နေ့ ညပိုင်းအထိ စည်ကားသိုက်မြိုက်စွာကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

 

အမှတ်(၃)ရပ်ကွက်ရှိ လွမ်းစေတီဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော ပြည်လုံးချမ်းသာဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီ ကြွချီအပူဇော်ခံယူပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး ဒေသ စာရီကြွချီ အပူဇော်ခံယူပွဲတော်ကို အောက်တိုဘာလ(၁၂)ရက်နေ့မှအောက်တိုဘာလ(၁၄)ရက်နေ့ထိ(၃) ရက်တိုင်တိုင်ကျင်းပပြုလုပ်ခြင်းကြောင်းသိရသည်။

 

မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံရာ လမ်းတစ်လျှောက်တွင် လူငယ်အဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များ၊ ယောဂီအဖွဲ့ဝင်များက လိုက်ပါကုသိုလ်ယူဆောက်ရွက်ခဲ့ကြပြီး ရပ်ကွက်နေပြည် သူများ ကလည်း ဆီးမီးအမွှေးနံ့သာများဖြင့် ပူဇော်ခြင်းနှင့် ရပ်ကွက်အလိုက် စေတနာအလှူရှင်များက ကုသိုလ်ဒါနအဖြစ်မုန့်များ၊ အစားအသောက်များ လှူဒါန်းခြင်းဖြင့်စည်ကားလျက်ရှိကြောင်း  သိရသည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)