ထန်တလန်မြို့နယ် လေတပ်(ခ)ကျေးရွာ၌ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်

ထန်တလန်  ၁၇   ဇွန်     
 
 
ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာအုပ်စု၊ လေတပ်(ခ)ကျေးရွာတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနားကို ဇွန် ၁၆ ရက် မွန်းလွဲ ၁၁ နာရီက လေတပ်(ခ)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ကျင်းပသည်။
 
 
အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်သည့် ဆိုင်းဘုတ်ကို ဟားခါးခရိုင်ပညာရေးမှူး ဦးကောလျန်ထန်း၊ မြို့နယ်ပညာရေးမှူး ဦးရမ်ဟားနှင့် မြို့နယ်စီမံကိန်းဦးစီးမှူးဦးခင်မောင်လေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
 
 
အဆိုပါ အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးဖွင့်ပွဲသို့ သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်နီးမှကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာတာဝန်ခံများ၊ ကျေးရွာအုပ်စုစာရေးများ၊ ကျေးလက်နေ မိဘပြည်သူများ၊ဆရာ ဆရာမများနှင့်  ကျောင်းသား/ကျာင်းသူများ တက်ရောက်ခဲ့ကြသည်။
 
 
ကျောင်း၌ လက်ရှိ ဆရာ/ဆရာမ  ကိုးဦးတို့တာဝန်ထမ်းဆောင်လျက်ရှိပြီး  ကျောင်းသား/ကျောင်းသူစုစုပေါင်း ၁၈၄ ဦး တက်ရောက်ပညာသင်ယူနေကြောင်း သိရသည်။
 
 
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ထန်တလန်မြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ ကျောင်းမှ မူလတန်း(ခွဲ)ကျောင်းအဖြစ် ကျောင်းသုံးကျောင်း၊ မူလတန်း(ခွဲ)ကျောင်းမှ မူလတန်းကျောင်းအဖြစ် ကျောင်းတစ်ကျောင်း၊ မူလွန်ကျောင်းမှ အလယ်တန်းကျောင်း(ခွဲ)အဖြစ် ကျောင်းငါးကျောင်း၊အလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဖြစ် ၁၂ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းကျောင်းအဖြစ်ကျောင်းသုံးကျောင်း၊ စုစုပေါင်း ၂၄ ကျောင်းတို့ကို အသီးသီးအဆင့်တိုးမြှင့်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ 
 
 
မြို့နယ်(ပြန်/ဆက်)