ထင်းမီးဖိုမှတစ်ဆင့် ကျောင်းဆရာ/ဆရာမများ နေထိုင်သည့် ၆ ခန်းတွဲ နေအိမ်လိုင်းခန်း မီးလောင်ဆုံးရှုံး

နေပြည်တော် မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၌ မတ် ရက် ညနေ နာရီ ၁၀ မိနစ်က ပုလဲချောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဝင်း အတွင်းရှိ ကျောင်းဆရာ/ဆရာမများ နေထိုင်သည့် ကိုယ်ထူကိုယ်ထ ခန်းတွဲ နေအိမ်လိုင်းခန်းတွင် ထင်းမီးဖိုမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းပြီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါလိုင်းခန်းနေ ကျောင်းဆရာ စကျော်ဆန်းထံ ထမင်းလာရောက် ချက်ပြုတ်ပေးနေသော မကျီးပင်စုကျေးရွာနေ ဦးမြင့်စီ(၅၄)နှစ်သည် ထင်းမီးဖြင့် ထမင်းအိုးတည်ခဲ့ပြီး ဈေးဝယ်သွားစဉ် မီးဖိုမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဓနိမိုး/ ထရံကာ/ ဝါးခင်း ခန်းတွဲ နေအိမ်လိုင်းခန်း ဆုံးရှုံးခဲ့ပြီး ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရ၍ ဦးမြင့်စီအား အိမ်မဲမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

MDN

Source: ရဲပြန်ကြား