ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်

ဗန်ကောက် ဖေဖော်ဝါရီ ၁၈

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာပြီဖြစ်ကြောင်း သိရသည်။  သက်ဆင်ရှင်နာဝပ်သည် အကျင့်ပျက်ခြစားမှု နှင့် အခြားစွဲချက်များဖြင့်   ထောင်ဒဏ်ကျခံနေရသည်။

သက်ဆင်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ဝန်ကြီးချုပ်ရာထူးအာဏာမှ ဖြုတ်ချခံခဲ့ရပြီး ပြည်နှင် ဒဏ်ပေးခြင်းခံခဲ့ရသည်။ လွန်ခဲ့သည့်နှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လာခဲ့ခြင်းဖြစ်သည်။ ၎င်းကို ထောင်သို့ ပို့ဆောင်ခဲ့သော်လည်း မကြာမီမှာပင် ကျန်းမာရေးအခြေအနေ မကောင်းသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ထိုင်းဘုရင်၏   လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  ထောင်ဒဏ်ရှစ်နှစ်မှ တစ်နှစ်သို့ လျှော့ချပေးခဲ့သည်။ တရားရေး အာဏာပိုင်များသည် ၎င်း၏အသက်အရွယ်ကြီးရင့်လာခြင်း၊ ကျန်းမာရေးအခြေအနေ မကောင်းခြင်းနှင့်   အခြားသောအချက်များ ထည့်သွင်းစဉ်းစားကာ   ပြန်လည်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဖျူထိုင်းပါတီနှင့် ကွန်ဆာဗေးတစ်များက ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီးနောက် မကြာမီအချိန်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။  ဖျူထိုင်းပါတီကို သက်ဆင်၏သမီးက ဦးဆောင်လျက်ရှိသည်။   သက်ဆင်၏ လွတ်မြောက်မှုသည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းအပေါ် လွှမ်းမိုးနိုင်ဖွယ်ရှိသည့်အတွက် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်