ထိုင်ဝမ်တွင် ကျင်းပမည့် ပထမဦးဆုံး မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ဖိုးသားကြီးနှင့် မြန်မာကစားသမားများ ပါဝင်ထိုးသတ်မည်

မန္တလေး  ၁၈    အောက်တိုဘာ

 

ထိုင်ဝမ်တွင် ကျင်းပမည့် ပထမဦးဆုံးသော မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို  တိုင်ပေမြို့တွင် အောက်တိုဘာ ၂၀ ရက် ညနေ ၃ နာရီတွင် ကျင်းပမည်ဖြစ်သည်။

 

1

 

ထိုးသတ်မည့်တွဲဆိုင်းများမှာ

(၆၂ကီလို) တန်းတွင် ဘွိုက်ကာ (မြန်မာ) နှင့် နီရှီဇဝ တာခူယ (ဂျပန်)

(၇၁ကီလို) တန်းတွင် ဖြိုးသီဟ (မြန်မာ) နှင့် ဒန်ဒင်းယူအန် (ထိုင်ဝမ်)

(၇၇ကီလို) တန်းတွင် ဝီလ်ချုပ် (အမေရိကန်) နှင့် ချန်ချင်းရွှန် (ထိုင်ဝမ်)

(၉၀ကီလို) တန်းတွင် ဖိုးသားကြီး (မြန်မာ) နှင့် ဝူဒွန်စင်း (ထိုင်ဝမ်)

အမျိုးသမီး (၅၆ကီလို) တန်းတွင် ရွှေကိုလေး (မြန်မာ) နှင့် နန်းအမွေဟုန် (မြန်မာ) တို့ ယှဉ်ပြိုင်မည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)