ထိုင်းရွေးကောက်ပွဲ ကော်မရှင်က တော်ဝင်မင်းသမီးကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းတဲ့ ပါတီကို ဖျက်သိမ်းဖို့ ပြောဆို

၁၃ ဖေဖော်ဝါရီ

 

ထိုင်းရွေးကောက်ပွဲကော်မရှင်က တော်ဝင်မင်းသမီးကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းတဲ့ ပါတီကို ဖျက်သိမ်းပေးဖို့ ဖွဲ့စည်းပုံတရားရုံးကို တင်ပြထားကြောင်းသိရပါတယ်။ 

 

ထိုင်းဘုရင်ရဲ့ အစ်မတော်ဖြစ်သူ အူဘွန်ရတ်ဟာ ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်တရာနဲ့ မဟာမိတ်ပြုလုပ်ထားသည့် နိုင်ငံရေးပါတီ ထိုင်းရာဆက်ချက် (Thai Raksa Chart )မှ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းရွေးကောက်ပွဲကော်မရှင်ကို ပြီးခဲ့တဲ့ သောကြာနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

 

ထိုင်းတော်ဝင်မင်းသမီး အူဘွန်ရတ် က မတ်လ ၂၄ မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ နာမည်စာရင်းတင်သွင်းပြီးနောက် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ချက်နှင့် မကိုက်ညီဟုဆိုကာ ဖေဖေါ်ဝါရီ ၁၁ ရက်က ပယ်ချလိုက်ပါတယ်။ ကော်မရှင်က တော်ဝင်မင်းသမီးကို ဝန်ကြီးချုပ်လောင်းအမည်စာရင်းက ပယ်ချပြီးနောက် မင်းသမီးက ဒီကနေ့ တောင်းပန်လိုက်ပါတယ်။ 

 

MDN
ကိုးကား - AFP

 

mdn