ထိုင်းနိုင်ငံ၌ကျင်းပသည့်ဂျူ နီယာစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် မြန်မာအသင်း ပူးတွဲတတိယရရှိ         

ရန်ကုန် ၁၁ ဇွန် 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌  ဇွန် ၄ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သော 25th SEA Junior & Cade TableTennis Championships 2019   ပြိုင်ပွဲတွင် မြန်မာစားပွဲတင် တင်းနစ်ကစားသမား ဂျူနီယာ အမျိုးသားအသင်းလိုက်ပူးတွဲတတိယဆု ရရှိခဲ့ကြောင်း သိရသည်။

 

745

 

ပြိုင်ပွဲ၌ မြန်မာအုပ်စုတွင် ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်း တို့ဖြင့် အုပ်စုကျရောက်ခဲ့ပြီး တစ်ဖက်တွင် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့ ကျရောက်ကာ လေးနိုင်ငံ နှစ်အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင်ကစားသည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို သုံးပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဘရူနိုင်းအသင်းကိုသုံးပွဲပြတ်နှင့် ဖိလစ်ပိုင်အသင်းကို သုံးပွဲနှစ်ပွဲဖြင့် အနိုင်ရရှိပြီး တစ်ဘက်အသင်းအုပ်စုမှ အုပ်စုပထမရရှိသော စင်ကာပူအသင်းအား ရှုံးနိမ့်ကာ မလေးရှားအသင်းနှင့်အတူ ပူးတွဲတတိယ ဆုရရှိခဲ့သည်။

အဆိုပါ အောင်ပွဲရ စားပွဲတင်တင်းနစ်အားကစားအဖွဲ့သည် ဇွန်၁၀ ရက် ညပိုင်းက  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယ႔ပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိ်ုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အမှုဆောင်များ၊ မိဘဆွေမျိုး များ၊ အားကစားနှင့်ကာယပညာပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများ ကြိုဆိုခဲ့ကြကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံအေကေလင်း