ထိုင်းနိုင်ငံ၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီစုံကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်

ဗန်ကောက် ၅  ဖေဖော်ဝါရီ

ထိုင်းနိုင်ငံ၌ မတ် ၂၄ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီစုံမှ ကိုယ်စားလှယ်လောင်းများ လာရောက်စာရင်းပေးကာ စတင်မှတ်ပုံ တင်နေပြီဖြစ်ကြောင်း သိရသည်။

ထောက်ခံသူများကလည်း ဆိုင်းဘုတ် များ၊ အလံများဝှေ့ယမ်းကာ ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြပြီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ထရာအစိုးရကို တပ်မတော်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်လုပ်မည့် အထွေထွေရွေးကောက်ပွဲ ဖြစ်သည့်အတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များပါ စိတ်ဝင်တစားဖြစ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြည်သူတွေ မျှော်လင့်နေသည်မှာ ရှစ်နှစ်ရှိပြီဖြစ်ကြောင်း ဖူထိုင်းပါတီမှ ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ဆူဒါရတ် ကီယူရာဖမ်က ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံရှေ့ဆက်နိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်က မျှမျှတတ ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ပရာယုချန်အိုချာသည် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဟု ပြောကြားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့ရကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပရေးကို ထောက်ခံကြောင်း ထိုင်းဘုရင်က ပြီးခဲ့သည့်လက တော်ဝင်အမိန့်ထုတ်ပြန် အတည်ပြုခဲ့သောကြောင့် နိုင်ငံရေးပါတီများ တရားဝင် စည်းရုံးလှုပ်ရှားခွင့် ရရှိခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ