ထိုင်းနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်

ဗန်ကောက် ဇန်နဝါရီ ၆

 

ထိုင်းနိုင်ငံ၌ နှစ်သစ်ကူး အားလပ်ရပ်များအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ စတင် မြင့်တက်လာကြောင်း သိရသည်။

 

နိုင်ငံအတွင်း လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀၀ ကျော်ရှိလာပြီး ဇန်နဝါရီ ၃ ရက်တစ်ရက်တည်းတွင်ပင် အဆိုပါ ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈၀ ရှိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ လက်ရှိအချိန်တွင် နိုင်ငံတကာ မှ ရောက်ရှိလာသော ခရီးသည်များအတွက် ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ သီးခြားစောင့်ကြည့်ခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားရန် တာဝန်ရှိသူများက ပြန်လည်သုံးသပ်လျက်ရှိကြောင်း သိရသည်။

 

နိုဝင်ဘာလအတွင်းက နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ခရီးသွားလုပ်ငန်းများအား ပြန်လည်ဆောင်ရွက်ခဲ့ပြီး နိုင်ငံအများအပြားမှ ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာသီးခြား စောင့်ကြည့်ခြင်းမှကင်းလွတ်ခွင့်ပြုခဲ့ရာတွင် ဒီဇင်ဘာလနှောင်းပိုင်းတွင် အဆိုပါစည်းမျဉ်းအား ပြန်လည်ချမှတ်ခဲ့သည်။ လက်ရှိအချိန် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရန်အတွက် အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ ဝန်ထမ်းများအား မိမိတို့နေအိမ်များမှနေ၍ လုပ်ငန်း လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ