ထိုင်းနိုင်ငံမြို့တော်မှာ ဘုရင်ဘူမိဘော ဈာပနအခမ်းအနားအတွက် လူပေါင်းထောင်ချီ စုဝေးရောက်ရှိ

ဗန်ကောက် ၂၆ အောက်တိုဘာ

ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ဘုရင်ကြီး ဘူမိဘောရဲ့ ဈာပနအခမ်းအနားကို ကြာသပတေးနေ့ ဒီကနေ့မှာ စတင် ကျင်းပနေပြီတဲ့အတွက် တစ်မြို့လုံး ပူဆွေးစွာနဲ့ အုန်းအုန်းကျွက်ကျွက် ပါဝင်ဆင်နွှဲနေကြပါတယ်လို့ သိရပါတယ်။ ဈာပန စီတန်းလှည့်လည်ပွဲကို ကြည်ရှုဖို့အတွက် ဗန်ကောက်လမ်းမတွေပေါ်မှာ လူထောင်နဲ့ချီ ရောက်ရှိနေကြပါတယ်။

ဈာပနပွဲကို တက်ရောက်ဖို့ ယမန်နေ့ညကတည်းက တော်ဝင်ကွင်းအနီးမှာ လူအများကြိုတင်ရောက်ရှိ နေကြတာလည်း ဖြစ်ပါတယ်။ ဘုရင်ကြီးရဲ့ ရုပ်အလောင်းကို သူသေဆုံးခဲ့တဲ့ လွန်ခဲ့တဲ့တစ်နှစ်ကတည်းက နန်းတော်မှာ ထားရှိခဲ့တာဖြစ်ပြီးတော့ ဗုဒ္ဓဟူးနေ့ညက မီးသဂြိုဟ်မယ့် နေရာဆီကို သယ်ဆောင်ထားပြီးလည်း ဖြစ်ပါတယ်။

နတ်ရွာစံ ဘုရင်ကြီးဘူမိဘောရဲ့ တစ်ဦးတည်းသောသားဖြစ်သူ ဘုရင်သစ် မဟာဗာဂျီရာလောင်ကွန် ဟာလည်း အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သမီးတော်နှစ်ယောက်၊ သားတော်တစ်ယောက်နဲ့အတူ တော်ဝင်ကွင်းကို ရောက်ရှိနေပါပြီ။ ထိုင်းနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ရုပ်မြင်သံကြားတွေကနေလည်း တော်ဝင်ဈာပန အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့် ပြသနေကြပါတယ်။

(ရိုက်တာ)