ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား တစ်ရက် လူ ၂၀၀ နှုန်းဖြင့် တစ်ရက်ခြား ပြန်လည်လက်ခံသွားမည်

မြဝတီ ဩဂုတ် ၁

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများအား မြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းအား ရပ်နားထားရာ သြဂုတ် ၁ ရက်မှစ၍ ပြန်လည်ကြိုဆို လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြန်လည်လက်ခံရာတွင် နံနက်၈နာရီမှစတင်လက်ခံ သွားမည်ဖြစ်ကာ တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် တစ်ရက် ခြားသာ ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်များအား ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ပြန်လည်ကြိုဆို လက်ခံပေးနိုင်ရေးအတွက် လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကြိုတင်ပြင်ဆင်နေမှုများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိ သူများက ယနေ့နံနက် ၉ နာရီတွင် မြန်မာထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား BCF ဇုန်တွင် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်