ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိ

ရန်ကုန်   ၁၇   ဩဂုတ်

COVID-19‌‌ ရောဂါကူးစက်ပျံ့နှံ့မှု‌ကြောင့် နိုင်ငံတကာ‌လေကြောင်းလိုင်းများ ပိတ်ထားသဖြင့်‌ နေရပ်ပြန်လာရန် အခက်အခဲ ကြုံတွေ့နေရပြီး မဖြစ်မ‌နေ နေရပ်သို့ ပြန်လည်ထွက်ခွာရန် လိုအပ်‌နေသည့် ထိုင်းနိုင်ငံတွင်‌‌ ရောက်ရှိ‌နေကြ‌သော မြန်မာနိုင်ငံသားများသည် သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံး၏ စီစဉ်ညှိနှိုင်း‌ ဆောင်ရွက်မှုဖြင့် ဩဂုတ် (၁၇) ရက်‌နေ့ ညပိုင်းက မြန်မာအမျိုးသားလေကြောင်း (MNA) ၏ ၅ ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ မြန်မာနိုင်ငံသား (၅၃)ဦး နှင့် နိုင်ငံခြားသား (၂၉) ဦး တို့ လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။


#MRTV