ထိုင်းနိုင်ငံမှ လွှဲပို့ပေးသည့် ဖုန်းလိမ်လည်မှု သံသယရှိသူ၁၅ ဦးကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး

၂၄ မေ

 

ဂျပန်ရဲတပ်ဖွဲ့က အကြီးစား ဖုန်းလိမ်လည်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မှ  လွှဲပို့ပေးသည့် ဖုန်းဖြင့် လိ်မ်လည်မှု  သံသယရှိသူ ၁၅ ဦးကို ယနေ့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။      

 

ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေအပန်းဖြေစခန်းရှိ ဇိမ်ခံဂေဟာမှ ဂျပန် နိုင်ငံအနှံ့သို့ ဖုန်းခေါ်ကာ လိမ်လည်ခဲ့သည်ဟု သံသယရှိသည့် အဆိုပါ ဂျပန်လူမျိုး ၁၅ ဦးသည် အသက် ၂၀ မှ ၅၀ နှစ် ရှိကြကြောင်းနှင့် ၎င်းတို့သည် ဝက်ဘ်ဆိုက် တစ်ခုအတွက် ဝန်ဆောင်ကြေးပေးရန် ပျက်ကွက်သည်ဟု ဆိုကာ လူပေါင်း ၂၀ဝကျော် ဆီက ယန်းငွေ သန်း ၂၀ဝ ကျော်ကို ငွေလိမ်ယူကြောင်း ဖော်ပြထားသည်။  

 

သံသယရှိသူ သုံးဦး ဖြစ်သည့် Seiji Ikehara ၃၃ နှစ် ၊ Ryu Iwamoto ၂၃ နှစ် ၊ Yasutaka Toyama ၅၄ နှစ် တို့ကို ဖော်ထုတ်ခဲ့ကြသည်။
တိုကျိုရဲတပ်ဖွဲ့က ဇန်နဝါရီလ နှင့် မတ်လအကြား ကာလတွင် ယန်းငွေ သန်း၇၀ကို အဆိုပါ အုပ်စုက လိမ်လည်ယူခဲ့သော အမှုကိစ္စ ၈၀ ထက်မနည်းတွေ့ရှိခဲ့သည် ဟု ဆိုသည်။

 

ဂျပန် စုံစမ်စစ်ဆေးသူများက ထိုင်းအာဏာပိုင်များထံမှ ယင်းသံသယရှိသူများကို လွှဲပြောင်းလက်ခံရန်အတွက် ထိုင်းနိုင်ငံသို့ ဗုဒ္ဓဟူးနေ့က ဝင်ရောက်ခဲ့ကြသည်။

 

ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံရှိ တရားမဝင် အလုပ်လုပ်ကိုင်နေသူ မသင်္ကာဖွယ် လူ ၁၅ ဦးကို မတ်လက ဖမ်းဆီးခဲ့ပြီး ယင်းအိပ်ကို ရှာဖွေရာတွင် လိမ်လည်သူများ၏ လက်စွဲစာအုပ်ဖြစ်သည့် လူများကို လိမ်လည်သည့် နည်းလမ်းများနှင့် အိုင်ပီ ဖုန်းအလုံး ၅၀ ခန့်ကို သိမ်းခဲ့ကြောင်း သိရသည်။

 

ကိုးကား - ကျိုဒိုနယူး
ဘာသာပြန်- မြင့်မြင့်ချို