ထိုင်းနိုင်ငံ ကြံစိုက်ခင်းတွင်းမှာ ပျောက်ဆုံးခဲ့သည့် မြန်မာကလေးငယ်အား သေဆုံးလျက် တွေ့ရှိ

၂၆ ဒီဇင်ဘာ

 

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းနိုင်ငံ ဦသောင်ဒေသရှိ ကြံစိုက်ခင်းတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား မိဘများ၏ ၂ နှစ်သားအရွယ် ကလေးငယ်ဟာ မိဘများ အလုပ်လုပ်နေစဉ် ကြံခင်းထဲ၌ ကစားနေစဉ် ပျောက်ဆုံးသွားခဲ့သည်။ အဆိုပါကလေးငယ် ပျောက်ဆုံးခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနဲ့ လုပ်အားပေး ရှာဖွေကယ်ဆယ်ရေး လုပ်သားများ အပါအဝင် လူ ၇၀ဝ ပါဝင်ရှာဖွေခဲ့ကြသည်။

 

 

ဧက ၈၀ ကျယ်ပြီး အမြင့်ပေ ၆ ပေခွဲကျော်ရှိသည့် ကြံပင်တွေ စိုက်ပျိုးထားရာ  ကြံခင်းတွင်းမှာ ကလေးငယ်ကို ရှာဖွေဖို့အတွက် လူအင်အားအပြင် ဆင်လေးကောင်ပါ ပါဝင်ခဲ့သည်။ 

 

ကလေးငယ်ဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့က မိဘများ အလုပ်လုပ်သည့် နေရာနဲ့ မလှမ်းမကမ်းတွင် ဆော့ကစားရင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ကိုးရက်မြောက်နေ့ ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲမှာတော့ အသက်မဲ့နေသည့် ကလေးငယ်ကို ပြန်လည်တွေ့ရှိခဲ့သည်။

 

 

ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို မူလ ကစားနေတဲ့ နေရာနဲ့ ၅ ကီလိုမီတာ အကွာမှာ ပြန်တွေ့ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်ဟာ မောပန်းပြီး သေဆုံးခဲ့သည်ဟု ယူဆရသည်။ သို့သော်  ကလေးငယ်၏ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ သယ်ဆောင်သွားပြီး လက်ရှိချိန်တွင် သေဆုံးရသည့် ကြောင်းအရင်းကို တိတိကျကျ သတင်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ 

 

MDN
ဓါတ်ပုံ- we love Suphanburi facebook