ထိုင်းနိုင်ငံ ဒေသအသီးသီးမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ မယ်ဆိုင်မြို့ဘက်တွင် ၁၇၀ ခန့်ရောက်ရှိ

တာချီလိတ်  ၄  ဧပြီ

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဒေသအသီးသီးမှ တရားဝင်လုပ်သား မြန်မာနိုင်ငံသားများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် - မယ်ဆိုင် နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် ဝင်ရောက်နိုင်ရန် ဧပြီ ၃ ရက် ညနေပိုင်းအထိ လူဦးရေ ၁၇၀ ခန့် ရောက်ရှိစောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံသားများကို လွိုင်ဝေါင်းဈေးအနီး လွိုင်ဝေါင်းဘုန်းကြီးကျောင်း၌ ယာယီနေရာချထားပေးပြီး စားဝတ်နေရေးအတွက် မယ်ဆိုင်မြို့မှ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက တာဝန်ယူစောင့်ရှောက်မှုပေးထားကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် နေရပ်ပြန်များအား ယခင်ကဲ့သို့ချက်ခြင်း ပြန်မလွှတ်တော့ဘဲ နေရာ(၆)ခုတွင် လူပေါင်း (၆၀ဝ)ကျော်အတွက် (၁၄)ရက်အကြာ စောင့်ကြည့်ထားရန် စီစဉ်ထားပြီးဖြစ်သော်လည်း နေရပ်ပြန်များအတွက် စားသောက်စရိတ် အခက်အခဲရှိနေကြောင်း၊ လက်ရှိတွင် နေရပ်ပြန် (၉၀)ကျော်ကို တာချီလိတ်မြို့တွင် သီးသန့်ထားရှိပြီး ကျွေးမွေး စောင့်ရှောက်ထားကြောင်း သိရသည်။

 

နေရပ်ပြန်မြန်မာနိုင်ငံသား အလုပ်သမားများသည်မြန်မာနိုင်ငံတွင်းသို့ ပြန်လာနိုင်ရေးအတွက် မျှော်လင့်စောင့်ဆိုင်းလျက်ရှိကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)

 

mdn