ဘားအံ ၂၈ အောက်တိုဘာ

ကရင်ပြည်နယ်၊ ဘားအံမွေးမြူရေးဇုန်အတွင်းတွင် ထိုင်းမှ နည်းပညာနှင့် မျိုးရယူပြီး  ပုရစ်အကောင်သေးမျိုးများအား တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စတင်မွေးမြူထားရာ ထိုင်းနိုင်ငံသို့ ဈေကွက်ရရှိနေပြီး ကိုဗစ်-၁၉ ကာလ ဈေးကွက် လျော့နဲသွားသဖြင့် မွေးမြူမှုလျော့ထားရကြောင်း ပုရစ်အကောင်းသေးမျိုးမွေးမြူသူ ဦးစောအိမ်တောထံမှ သိရသည်။

 

ပုရစ်ကောင်သေးမျိုးသည် ထိုင်နိုင်ငံတွင် အစားများပြီး ကရင်ပြည်နယ်အတွင်း၌ ဈေးကွက်စတင် ဖြန့်ပေးနေသေးကြောင်း ပုရစ်အကောင်ကြီးကဲ့သို့ စားသုံးမှုနည်းနေသေးကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်မှစတင်ကာ မျိုးဥများကို ထိုင်းမှ ယူဆောင်လာကာ ဘားအံမြိုတွင်စတင်ပြီး  ၈ ပေ၊ ၃ ပေ အကျယ် ရှိသည့်  လှောင်ကန်အတွင်းမှာ အဆိုပါ ပုရစ်များ နေထိုင်ရန် နှစ်သက်သည့် အကြိုအကြားဖြစ်အောင် ကြက်ဥကပ်များ ထပ်စီမွေးမြူခဲ့ကြောင်း သိရသည်။

 

မွေးမြူပုံအဆင်ဆင့်ကို ဦးစောအိမ်တော ရှင်းပြရာတွင် “ဥတွေကို ဖွဲပြာထည့်ထားတဲ့ ဗန်းထဲမျာ ဥဖောက်တယ်၊ ရာသီဥတုပူနွေးရင် ၂ ရက်၊ ၃ ရက်မှာ အကောင်ပေါက်ပြီ၊ လိုအပ်တဲ့အပူချိန်မရရင် (၇)ရက်လောက်မှာ အကောင်ပေါက်နိုင်တယ်။ အကောင်ပေါက်ပြီး ၄ ရက် ၅ ရက်ကြာရင် လှောင်ကန်ထဲ ထည့်သွင်း ရေနဲ့အစာမှုန့်စကျွေးတယ်။ တစ်လကြာရင် အကောင်ကြီးအဖြစ် အရွယ်ရောက်လာပြီး ပရစ်အထီးတွေက ဖိုသံပေးလာတယ်။ အဲ့ဒီကာလ တစ်လ၊ တစ်လခွဲအရွယ်မှာဆိုရင် ဈေးကွက် သွင်းလိုကသွင်း၊ သားဖောက်လိုက ဖောက်နိုင်တယ်။ သားဖောက်မယ်ဆိုရင် သိသိသာသာ ခန္ဒာကိုယ်နဲ့ ဝမ်းဗိုက်စူဖြိုးနေတဲ့ အကောင်ဟာ ဥရှိနေတဲ့ အမများဖြစ်နေပြီး ဖွဲပြာမစိုမခြောက် ထည့်ထားတဲ့ ဗန်းထည့်ပေးထားရင် စတင်ဉအုတယ်။ အဲ့ဒီ ဥဗန်းတွေကို (၂)ရက်ကာလအတွင်း သားဖောက်မယ့် ကော်ပုံကြီးထဲမှာ လှည်ထည့်ပေးပြီး အကောင်ဖောက်ရ ပါတယ်။ ပုရစ် တစ်ကောင်ရဲ့ သက်တမ်းဟာ (၃)လခန့် ရှိတာမို့ ဥထုတ်သားဖောက်ခြင်းကို (၂)ကြိမ်ခန့်ပဲပြုလုပ်တယ် အစ်မများဥရှိနေရင် ကြော်စား ရမှာ ပိုစားကောင်းတာမို့ အဲ့ကာလ ရောင်းချရတယ်။ ပုရစ်တွေအတွက် အသီးအရွက်က အဓိက အစားအစာပါပဲ ငါးစာအမှုန့်လဲ ကျွေးတယ်။ ရောင်းချကာနီး တစ်ပါတ်ခန့်အလိုမှာဆိုရင်  ရောဂါပိုး မရှိရေးနဲ့ အကောင်ကြော်စားရာမှာ သန့်ရှင်းနေစေအောင်လို့ လှောင်ကန်ကို သန့်ရှင်းရေး လုပ်တယ်။ လှောင်ကန်ထဲမှာ အကြိုအကြားဖြစ်အောင် ထည့်ထားတဲ့ ကြက်ဥကပ်တွေကို ပေါင်းအိုးနဲ့ ပိုးသတ်ပေါင်းတာတွေ လုပ်ပြီး နေရာသစ် ပြောင်းထည့်ပေးတယ် အဲ့အချိန်မှာ  ရွေဖယုံသီးတစ်မျိုးထဲပဲ ကျွေးမွေးတယ် ဒါကတော့ ကွန်တော်လုပ်တဲ့ နည်းစနစ်ပါ။ ပုရစ်များအတွက် လှောင်အိမ်ကန်ကို သစ်သားစင်နဲ့ အောက်ခံငါးထပ်သား၊ ဘေးလေးဘက်ကို သွပ်ပြားနဲ့ အလုံပိတ်အပေါ်က နိုင်လွန်ဇကာနဲ့ ပိတ်ထားရတယ် ကုန်ကျငွ ေ(၅၀၀၀၀)ကျပ်၊ ပုရစ်များလုံခြုံရေးအတွက် လှောင်အိမ်ထဲ ပင့်ကူ၊ အိမ်မြေှာင်၊ ကြွက် မဝင်အောင် ဂရုစိုက်ပေးရပါတယ် ဟု ပြောသည်။ 

 

အဆိုပါ ပုရစ်များ ဈေးကွက်ဖြန့်နိုင်ဖို့ အခြေအနေအရ  ပုရစ်မွေးလှောင်ကန်(၅၀)ခန့် မွေးမြူနိုင်ရန် လိုအပ်ပြီး လည်းကောင်းကတော့ ပုရစ်မွေးလှောင်ကန် (၃၀) မွေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပုရစ်အကောင်သေးမျိုးသည် တွင်းအောင်းပုရစ်ကြီးများထက် စားသုံးသူနည်းသေးကာ သားပေါက်အကြိမ်ရေ များကြောင်းနှင့် ၄င်းတို့အနေနဲ့ ယခင်က ထိုင်းဈေးကွက်ထိ ဖြန့်နိုင်သော်လဲ ယခု ကာလမှာ ကိုဗစ်-၁၉ ကာလ  ဈေးကွက်လျော့နဲ သွားသဖြင့် မျိုးမတုံးရေးနဲ့ ဒေသအတွင်းသာ ရောင်းနိုင်ရေးအတွက်သာ မွေးမြူမှုလျော့ထားရကြောင်း ဘားအံမြို့တွင် လည်းကောင်းမှ တစ်ဆင့် တစ်ပိုင်တစ်နိုင် မွေးမြူလိုသူ (၂)ဦးကိုလည်း မျိုးနဲ့မွေးမြူခြင်း နည်းပညာ ပြန်လည်ဖြန့်ဝေစေခဲ့တာ ရှိကြောင်း အဆိုပါ ပုရစ်မွေးမြူသူ ဦးစောအိမ်တောထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)