ထိုင်းလိဂ်-၂ ကလပ် ရနောင်းယူနိုက်တက်အသင်း အောင်ကျော်နိုင်ကို ခေါ်ယူ

ရန်ကုန်   ဇန်နဝါရီ   ၁၀

ထိုင်းလိဂ်-၂ ကလပ် ရနောင်းယူနိုက်တက်အသင်းသည် ၂၀၂၁-၂၀၂၂ ရာသီ ဒုတိယအကျော့အတွက် မြန်မာတိုက်စစ်ကစားသမား အောင်ကျော်နိုင်ကို ခေါ်ယူနိုင်ပြီဖြစ်သည်။

အပြောင်းအရွှေ့ကာလ

အောင်ကျော်နိုင်သည် ယခုရာသီအစတွင် ထိုင်းလိဂ်-၃ ကလပ် Pattaya Dolphins အသင်း၌ ကစားခဲ့သော်လည်း ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အောင်ကျော်နိုင်သည် ပြည်ပကလပ်များတွင် သွားရောက်ကစားဖူးသည့် အတွေ့အကြုံရှိသူဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြည်ပကလပ်အသင်းများတွင် ပြန်လည်သွားရောက်ကစားခြင်းဖြစ်သည်။ အောင်ကျော်နိုင် သည် စင်ကာပူနှင့် ထိုင်းကလပ်များတွင် ကစားပြီးနောက် ပြီးခဲ့သည့်နှစ်အနည်းငယ်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကာ ဧရာဝတီနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့တွင် ကစားခဲ့သည်။

ယခုရာသီတွင် ထိုင်းကလပ်အသင်းများ၌ မြန်မာကစားသမားအများစု ပါဝင်ကစားလျက်ရှိပြီး ထိုင်းလိဂ်-၁ ကလပ်ဘူရီရမ်အသင်းတွင် အောင်သူ၊ ထိုင်းလိဂ်-၂ ကလပ်များဖြစ်သည့် လမ်ဖွန်အသင်း တွင် မောင်မောင်လွင်၊ ထရတ်အသင်းတွင် ဇော်မင်းထွန်း၊ Rayong အသင်းတွင် ကျော်ကိုကို၊ အူဒွန်ထာနီအသင်းတွင် အောင်ကောင်းမာန်၊ Navy အသင်းတွင် ဆွမ်လမန်တို့ ပါဝင်ကစားလျက်ရှိသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - ရနောင်းယူနိုက်တက်