ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းသို့ အောင်သူ ပြောင်းရွှေ့

၁၈ ဒီဇင်ဘာ

ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ်- ကလပ် ဘူရီရမ်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။

အောင်သူသည် ပြီးခဲ့သည့်နှစ်များက ထိုင်းကလပ်အသင်းများတွင် အငှားသွားရောက် ကစားခဲ့သော်လည်း ဘူရီရမ်အသင်းသို့ အပြီးပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းနှင့် စာချုပ်တစ်နှစ်သာ ကျန်ရှိတော့သည့် အောင်သူကို ဘူရီရမ်အသင်းက ပြောင်းရွှေ့ကြေးပေးကာ အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အောင်သူသည် ဘူရီရမ်အသင်းနှင့် ပြီးခဲ့သည့်ရက်ပိုင်းက စတင်ပူးပေါင်းခဲ့ပြီး ရာသီဝက်အပြောင်းအရွှေ့ကာလ ဖွင့်လှစ်ပြီးသည့် ဒုတိယအကျော့မှသာ စတင်ပါဝင်ကစားနိုင်ပြီဖြစ်သည်။ လက်ရှိတွင် အောင်သူသည် ဘူရီရမ်အသင်းတွင် လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်ပြီး အသင်း၏ပွဲစဉ်များအား လိုက်လံကြည့်ရှုလျက်ရှိသည်။ ဘူရီရမ်အသင်းသည် အောင်သူကို နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး လစာအပြင် အပိုဆုကြေးများလည်း ခံစားခွင့်ရရှိမည်ဖြစ်သည်။

အောင်သူသည် ၂၀၁၈ ရာသီတွင် ပြည်ပကလပ်အသင်းများတွင် စတင်သွားရောက်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထိုင်းလိဂ်- ကလပ် Police Tero အသင်း၊ ၂၀၁၉ ခုနှစ်တွင် ထိုင်းလိဂ်- ကလပ် မြောင်တောင်အသင်းတွင် ပါဝင်ကစားခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဘူရီရမ်အသင်း