ထိုင်း-မြန်မာ ချစ်ကြည်ရေး ရန်ပုံငွေပွဲတော် ထိုင်းနိုင်ငံတွင် ပြုလုပ်မည်

၁၉ မတ်

 

ထိုင်း- မြန်မာ ချစ်ကြည်ရေး ဂီတပွဲတော်အတွက် စာနယ်ဇင်း ရှင်းလင်းပွဲကို  မတ် ၁၈ရက်မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါပွဲတော်ကို ပညာရေးနှင့် သဘာဝရေဘေးရံပုံငွေအတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ မဟာချိုင် ဈေးအနီးရှိ ကွင်းပြင်၌ ဧပြီ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး၊  မြန်မာနှင့် ထိုင်းတေးသံရှင်များမှ အတူတကွ ပါဝင်သီဆို ဖြေဖျော်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အစိုးရ တာဝန်ရှိသူများ အပါအဝင် ထိုင်းတပ်မတော်မှ တာဝန်ရှိသူများနှင့် ညိနိုင်းဆွေးနွေးပြီး ကျင်းပ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ၎င်းချစ်ကြည်ရေး ဂီတပွဲတော်အား စီစဉ်သူမှာ ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် အရှင်ကုမာရ ဖြစ်ကြောင်း သိရှိရသည်။

 

" အဓိကပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၊ဦးဇင်းတို့ နိုင်ငံမှာ သဘာဝဘေးအန္တရယ် အမျိုးမျိုးကျရောက်တဲ့ နေရာတွေ နဲ့  နောက်တစ်ခု ပညာရေး အတွက်ပေါ့နော်။ နယ်တွေမှာအမှန်တကယ် ကိုပညာရေးနဲ့ ပတ်သက်ပြီးလိုအပ်ချက်လေးတွေ အနည်းအကျင်းတော့ရှိနေတာတွေ့ရတယ်။ ဒါတွေကို တတ်နိုင်သမျှ သွားရောက်လှူဒါန်းချင်တယ်၊ ဒါကြောင့်မို့ အနုပညာရှင်တွေရဲ့ အကူအညီနဲ့ ဦးဇင်းတို့ တက်နိုင်သမျှ ဒီပွဲလေးကိုလုပ်လိုက်ရတာပါ " ဟု အရှင်ကုမာရက ပြောကြားသည်။

 

အလားတူ မတ်လ ၂၉ ရက်နေ့ တွင်လည်း ထိုင်းနိုင်ငံရှိ သတင်းမီဒီယာများသို့ ဂီတပွဲတော်နဲ့ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သိရသည်။မြန်မာနိုင်ငံမှ အဆိုတော် ထူးအယ်လင်း၊ နေထက်လင်း၊ ဖိုးကာ၊ ရိန်မိုး၊ ကိုသန်းဆွေ၊ ဖိုးဇော်၊ ခိုင်နှင်းဝေ၊ ခွန်းဆင့်နေခြည်၊ ဆုပန်ထွာ၊ ရတနာ၊ ဧကရီမှူးပိုင်၊ အေးချမ်းမိုး၊ ကေသီခိုင်ဝင်း၊ ထွန်းပုလဲရတနာ စသူတို့မှ ပါဝင်သီဆိုကြမည် ဖြစ်ပြီး ၊ယခုနှစ် (၇) လပိုင်း ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ မဟာချိုင်တွင် ကျင်းပမည်ဟု သိရသည်။

 

 ကိုလင်း