ထိန်းချုပ်ဓာတုပစ္စည်းများ သုံးစွဲမှုမရှိစေရေး ဟားခါး၌ ကွင်းဆင်းစစ်ဆေး

ဟားခါး ၂၇ ဇွန်

 

ဟားခါးမြို့၌ ထိန်းချုပ်ဓာတုပစ္စည်းများ သုံးစွဲမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ချင်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးမြင့်ဦးနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့ဝင်များက ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေး အသိပညာပေး ဟောပြောခြင်း၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု အခြေအနေများကို  စစ်ဆေးခဲ့ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)