ထီးလင်းမြို့ မြို့ဝင်/မြို့ထွက် နေရာများ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေး ခရီးသွား ပြည်သူများအား ကျန်းမာရေး စစ်ဆေးဆောင်ရွက်

ထီးလင်း ၁  ဧပြီ

 

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့ဝင်/မြို့ထွက် နေရာများ၌ ခရီးသွား ပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

331

 

ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် ထီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦး နှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ ဦးဆောင်သော မြို့နယ် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေး ကော်မတီတို့က ပူးပေါင်း၍ မြို့ဝင်/မြို့ထွက် ဂိတ်များတွင် ခရီးသွားပြည်သူများအား ကျန်းမာရေး ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အရက်ပြန် လက်သန့် ဆေးရည်ဘူးများ ဝေငှပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အောင်စည်(ပြန်/ဆက်)