ထီးချိုင့်မြို့နယ်၌ ပဲအိတ်တင် မော်တော်ယာဉ်တစ်စီး ရင်ကွဲတောင်အတက်တွင် တိမ်းမှောက်

ထီးချိုင့်  ၁၀  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကသာ-ထီးချိုင့်ခရိုင်ချင်းဆက်လမ်းအတိုင်း ကသာဘက်မှထီးချိုင့်ဘက်သို့ ယာဉ်မောင်း ဟိန်းထက်အောင် မောင်းနှင်သည့် ပဲအိတ်များ တင်ဆောင်လာသော (၁၂)ဘီးယာဉ်သည် မိုင်တိုင်အမှတ် 2KM အနီးရင်ကွဲတောင် အတက်တွင် ယနေ့ နံနက် ၂ နာရီက တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်  စံပြလူငယ်လူမှုရေး အသင်းအဖွဲ့မှ ထိခိုက်ဒဏ်ရာရ ယာဉ်မောင်းအား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

 

ရဲလင်းထွန်း (ထီးချိုင့်)