ထီးချိုင့်မြို့နယ်အတွင်းမှ လိုင်စင်မဲ့ယာဉ်တစ်စီး ဖမ်းမိခဲ့

ထီးချိုင့်  ၂၂   ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့အဝင် စုပေါင်းစစ်ဆေးရေး ဂိတ်နေရာမှ လိုင်စင်မဲ့ယာဉ်တစ်စီးဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၂၁ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင်  ထီးချိုင့်မြို့မရဲစခန်းမှ ဒုရဲအုပ်မြတ်ဇွဲမာန်ကို ဦးစီးသောရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ထီးချိုင့်မြို့ ကက္ကုလမ်းဆုံ၊ စုပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာနေ တင့်ဝေ(ခ)ကိုတင့် မောင်းနှင်လာသော နံပါတ်မပါယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်နှင့်သက်ဆိုင်သော အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် လိုင်စင်မဲ့ယာဉ်မောင်းနှင်လာသူ တင့်ဝေ(ခ)ကိုတင့်အား ထီးချိုင့်မြို့မရဲစခန်းမှ ယာဉ်စည်းကမ်း ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)