ထီးချိုင့်မြို့ ဧရာဝတီတံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး

ထီးချိုင့်  ၂  ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၊ ဧရာဝတီမြစ်ကူးတံတားပေါ်တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံးသွားကြေင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ထီးချိုင့်မြို့နယ်၊ မြတောင်နယ်မြေရဲကင်း စခန်းမှူး ဒုရဲအုပ်အာကာဝင်း ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ထီးချိုင့်မြို့၊ ဧရာဝတီမြစ်ကူး တံတားပေါ်တွင် ထီးချိုင့်မြို့နယ်၊ တည်တောကျေးရွာနေ မိုးဇော်မောင်းနှင်ပြီး မသေးသေး နောက်မှလိုက်ပါလာသော ဆိုင်ကယ်အား ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာနေ မိုးဒီ(ခ)အောင်မြတ်သူ မောင်းနှင်လာသော ယာဉ်မှအရှိန်မထိမ်းနိုင်ဘဲ နောက်မှဝင်တိုက်မိရာ မသေးသေး ဆိုသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ မိုးဒီ(ခ)အောင်မြတ်သူအား မြတောင်နယ်မြေ ရဲကင်းစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)