ထားဝယ်ပြည်သူ့ဆေးရုံကြီးကို ခုတင် ၂၀ဝ အဆင့်မှ ခုတင် ၅၀ဝ အဆင့်ရှိ ဆေးရုံကြီးအဖြစ် တိုးချဲ့ခွင့်ပြု ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း

နေပြည်တော် ၇ မတ်

 

ယနေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်က ထားဝယ်ပြည်သူ့ဆေးရုံကြီးကို လက်ရှိ ခုတင် ၂၀ဝ အဆင့်မှ ခုတင် ၅၀ဝ အဆင့်ရှိ ဆေးရုံကြီးအဖြစ် တိုးချဲ့ခွင့်ပြု ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခြင်းအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက တိုးချဲ့မည်ဆိုပါက ဝန်ထမ်းဦးရေ ကန့်သတ်ချက်ကြောင့် ယခုအချိန်တွင် မရသေးကြောင်းနှင့် အမြဲမပြတ် Situation Monitor လုပ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

မေးခွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ၂၀၁၈-၁၉ ခုနှစ်တွင် ငါးထပ်ဆေးရုံကြီး တည်ဆောက်ပြီးစီးတော့မည်ဖြစ်၍ လူနာဦးရေအားဖြင့် ကျပ်တည်းမှု မရှိတော့ကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ ဆေးရုံတွင်လာသည့် လူနာများသည် ဦးနှောက်၊ အာရုံကြော လူနာများလာပါက ဦးနှောက်၊ အာရုံကြောဆရာဝန် နောက်ထပ် ပို့ပေးမည်ဖြစ်ကြောင်း၊ စိတ်ရောဂါ လူနာများလာပါက Psychologist ထပ်ပို့ပေးမည်ဖြစ်ကြောင်း၊ ကျောက်ကပ် လူနာများလာပါက ကျောက်ကပ်ဆရာဝန် နောက်ထပ်ပို့ပေးမည်ဖြစ်ကြောင်း၊ ခုတင်(၅၀ဝ) ဆံ့တိုးချဲ့မည်ဆိုပါက ဝန်ထမ်းပေါင်း ၈၈၂ ဦးခန့် ရန်လိုအပ်သည့်အတွက် ယခုအချိန်တွင် မရသေးပါကြောင်း၊ အမြဲမပြတ် Situation Monitor လုပ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

 MDN