ထားဝယ်မြို့နယ်၌ ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ထားဝယ် အောက်တိုဘာ ၁

 

ပန်းခင်းစီမံချက် လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လမ်းသွား/လမ်းလာ ပြည်သူများနှင့် စျေးသူစျေးသားများအား ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများက အာဇာနည်လမ်း၊ ရှမ္မလည်ဆွဲရပ်၊ ဓာတ်ဆီဆိုင်လမ်းဆုံနှင့် ဗျောတောဝရပ်၊ မေတ္တာလမ်းဆုံ တို့တွင် လမ်းသွား/လမ်းလာ ပြည်သူများအား လည်းကောင်း၊ သဗြေချောင်းစျေးရှိ စျေးသူစျေးသားများအား လည်းကောင်း ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့်အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်း ဖြစ်သည်။

 

ထားဝယ်မြို့၌ သိမှတ်ဖွယ်ရာများပါရှိသည့် လက်ကမ်းစာစောင် ၆၀၀ ကို အများပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)