ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ် မွမ်းမံတည်ဆောက်ရေး၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပြန်လည်မွမ်းမံပြုပြင်ရေးနှင့် ပရိယတ္တိစာအောင်ဆု ပဒေသာပင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ရန်ကုန် ၃၁ သြဂုတ်

 

ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ် မွမ်းမံတည်ဆောက်ရေး၊ မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပြန်လည်မွမ်းမံပြုပြင်ရေးနှင့် ပရိယတ္တိ စာအောင်ဆု ပဒေသာပင်အတွက် အလှူငွေများ  ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

 

ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ်မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများအတွက် ပြည်ကြီးတံခွန်မြို့နယ် မဟာသုဒ္ဒရာ ရာမပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တအာဝုဓ(လက်ပံတောင်း)နှင့်   ထန်းတပင်မြို့နယ် ရွာမပရိယတ္တိ တပ်ဦးကျောင်းတိုက်မှ ဘဒ္ဒန္တ ဝိနယာစာရတို့က အလှူငွေကျပ် သိန်း (၅၀)စီ၊ ကျောက်တန်းမြို့ ဓမ္မဒါယာ ဒါသဒ္ဓမ္မရံသီရိပ်သာမှ ဘဒ္ဒန္တဝဏ္ဍိတက အလှူငွေကျပ် (၄၅)သိန်း၊ ဒေါပုံမြို့ ပြဿဒ်ကျောင်း ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တဧသကပဏ္ဍိတ၊ ပြည်မြို့ ဓမ္မသိင်္ဂီ မင်းကျောင်းတိုက်မှ ဒေါက်တာဘဒ္ဒန္တပညာစက္က၊ တွံတေးမြို့ ရတနာ့ဗိမာန်ကျောင်းမှ ဘဒ္ဒန္တတေဇောသာရနှင့် မုဒုံမြို့နယ် အောင်တော်မူကျောင်းမှ ဘဒ္ဒန္တသီလဝံတတို့က အလှူငွေကျပ် သိန်း (၃၀)စီ၊ တွံတေးမြို့ ဓမ္မရက္ခိတကျောင်းတိုက်မှ ဘဒ္ဒန္တစရဏ၊ ဘီးလင်းမြို့နယ် အောင်ဗောဓိမဏ္ဍိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (တောင်စွန်း)မှ ဒေါက်တာ ဘဒ္ဒန္တပဏ္ဍိတ၊ တောင်တွင်းကြီးမြို့နယ် ငါးဆင့်အရှေ့ ကျောင်းတိုက် မိုးကုတ်ရိပ်သာမှ ဘဒ္ဒန္တဓမ္မပီယ၊ ခရမ်းမြို့နယ် ကံသာကျောင်းတိုက်မှ ဘဒ္ဒန္တပညာဝံသ၊ မော်လမြိုင်မြို့ ပဏ္ဍိတာရုံ ပရိယတ္တိစာသင်တိုက်မှ ဒေါက်တာ ဘဒ္ဒန္တ ပဏ္ဍိတာ ဘိဝံသ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဟင်္သာတမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ မှ ဘဒ္ဒန္တသုန္ဒရနှင့် မုဒုံမြို့နယ် ဇိနရံသီ ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တနန္ဒနတို့က အလှူငွေကျပ် သိန်း(၂၀)စီ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် မိုးကုတ်ဝိပဿနာ ရွှေခြံ ဓမ္မရိပ်သာ မှ ဘဒ္ဒန္တဇာဂရိယက အလှူငွေ ကျပ် (၁၅)သိန်း၊ မှော်ဘီမြို့နယ် ကိုးလုံးကွင်း ပရိယတ္တိစာသင်တိုက်မှ  ဘဒ္ဒန္တဃောသိတ၊ လှိုင်သာယာမြို့နယ် စန္ဒာရာမ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ဘဒ္ဒန္တစန္ဒာဝရ၊ စဉ့်ကိုင်မြို့ မိုးကုတ်ဝိပဿနာ မဟာစေတြာ ရာမကျောင်းတိုက်မှ ဘဒ္ဒန္တစန္ဒာသီရိ၊ မင်္ဂလာဒုံမြို့နယ် ဆင်ဖုန် ဒက္ခိဏာရုံကျောင်းမှ ဘဒ္ဒန္တဝါယာမိန္ဒ၊ စဉ့်ကိုင်မြို့  တောမ တောင်ပေါ်တောရကျောင်းမှ ဘဒ္ဒန္တပညာဝံသနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်မှ ဒေါ်ခေမာရီတို့က အလှူငွေကျပ်(၁၀)သိန်းစီ၊ ရန်ကင်းမြို့နယ်မှ သီဟသုဓမ္မသိင်္ဂီ ဒေါ်သန်းမြမိသားစုနှင့် ဦးနိုင်အေး- ဒေါ်နှင်းသက်ကျော်နိုင် (Myanmar First Asia Group of Companies) မိသားစုတို့က အလှူငွေကျပ်သိန်း(၁၀၀၀)စီ၊ ဗဟန်းမြို့နယ်မှ သုဓမ္မမဏိဇောတဓရ ဦးစိုးသန်းထွန်း-ဒေါ်ခင်မေသန်း (ပွင့်သစ်စမ်းမိသားစုကုမ္ပဏီ)နှင့် ဦးကျော်ကျော်ဦး-သီရိသုဓမ္မသိင်္ဂီ သီဟသုဓမ္မသိင်္ဂီ ဒေါ်သန်းသန်းစိန်မိသားစုတို့က အလှူငွေကျပ် သိန်း(၅၀၀)စီ၊ SME Development Bank ဒုတိယဥက္ကဋ္ဌ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်- သီရိသုဓမ္မသိင်္ဂီ ဒေါ်အိသန္တာဘိုမိသားစု က အလှူငွေကျပ် သိန်း(၃၀၀)၊ ပန်းဘဲတန်းမြို့နယ်မှ ဒေါ်ကြည်ကြည်လွင် (ခ)ဒေါ်ကြူကြူ (ခေတ်ဆန်း စင်္ကြာရွှေရည် စိန်ရွှေရတနာ လုပ်ငန်းက ငွေကျပ်သိန်း(၁၅၀)၊ စမ်းချောင်းမြို့နယ် ယုဇနစီးပွားရေးစင်တာမှ ဒေါ်သီတာအောင် က  အလှူငွေကျပ် (၇၅)သိန်း၊  Strong Source Holding Co.,Ltd အမှုဆောင်အရာရှိချုပ် ဦးစိုးနိုင်က အလှူငွေကျပ် သိန်း(၅၀) စုစုပေါင်း ငွေကျပ် (၄၀၅၅)သိန်း၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ပြန်လည်ပြုပြင် မွမ်းမံရေးအတွက် ဦးသိန်းမောင်-ဒေါ်ပါးပါး(စန္ဒီပရဆေး)မိသားစုက အလှူငွေကျပ် သိန်း ၁၀၀ နှင့် ၈၀၀၀ ကျပ်၊ ပရိယတ္တိစာအောင်ဆုပဒေသာပင်အတွက် ဗဟန်းမြို့နယ် ဇေယျသိဒ္ဓိ သီလရှင်စာသင်တိုက်မှ ဒေါ်ခေမာစာရီ က အလှူငွေကျပ် (၁၀)သိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် ဝမ်းမြောက်စကား လျှောက်ထားပြောကြားသည်။

 

အခမ်းအနားသို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းညွန့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)