အိမ်မဲမြို့တွင် Happy အဆင့်မြင့် မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲ၌ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း မျိုးလှိုင်ဝင်း သရုပ်ပြကစား၍ ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်ရှိ မြို့မလူငယ်လေ့ကျင့်ရေးကွင်းအနီး၌ Happy အဆင့်မြင့်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေ ၃ နာရီက ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း မျိုးလှိုင်ဝင်းမှ သရုပ်ပြကစား၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တပ်မတော်နေ့ဂုဏ်ပြု ဘိုးလင်းပြိုင်ပွဲဆုပေးပွဲကျင်းပ

အာရှ ယူ-၂၃ ခြေစစ်ပွဲ နောက်ဆုံးပွဲတွင် အိမ်ရှင်မြန်မာ ဂိုးပြတ်ရှုံးနိမ့်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) နောက်ဆုံးနေ့ကို ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းသည် ဂျပန်အသင်းကို ခုနစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။
မြိတ်မြို့၌ အနုပညာရှင်များ ပါဝင်သော သဲသောင်ပြင်ဘောလုံးပြိုင်ပွဲ ကျင်းပမည်
နိုင်ငံကျော်အနုပညာရှင်များ ပါဝင်သော သဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကမ်းနားလမ်းရှိ သဲကွင်း၌ မတ်လ ၃၀ နှင့် ၃၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲတွင် အင်ဒိုနီးရှားအနိုင်ရ
ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေ ၆ နာရီက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပရာ အင်ဒိုနီးရှားအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့် ဂျပန်အသင်း ကစားမည်
မြန်မာအသင်းသည် ဂျပန်အသင်းကို သရေကစားနိုင်ပါက ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိသွားမည်ဖြစ်ပြီး ရှုံးနိမ့်ပါကလည်း ဂိုးပြတ်မရှုံးပါက အကောင်းဆုံးအုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်ရှိနေသည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ………………..
ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း တရုတ်ကိုရှုံးနိမ့်
ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့အဖြစ် မြန်မာအသင်းနှင့် တရုတ်အသင်းသည် ယနေ့ညနေ ပိုင်းက ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ တရုတ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။