မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံခြားသားနည်းပြသစ်တစ်ဦး ခန့်အပ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအတွက် နိုင်ငံခြားသားနည်းပြသစ်တစ်ဦး ခန့်အပ်မည်ဖြစ်ပြီး မကြာမီ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
18th True Visions Junior Golf ပြိုင်ပွဲတွင် မြန်မာလူငယ်ဂေါက်သီးရိုက်အဖွဲ့ ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခု ရရှိ
ထိုင်းနိုင်ငံ၌ ကျင်းပသော 18th True Visions International Junior Golf Championship 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  မြန်မာလူငယ် ဂေါက်သီးရိုက်အဖွဲ့သည် ပထမဆုတစ်ခုနှင့် တတိယဆုတစ်ခုရရှိခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်လူရွေးချယ်
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
MNL ပွဲစဉ် (၈) တွင် အသင်းကြီးအများစု အဝေးကွင်းပွဲကျပ်ကစားရမည်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ကို ယခုတစ်ပတ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး အသင်းကြီးအများစု အဝေးကွင်းပွဲကျပ်ကစားရမည် ဖြစ်သည်။
အာရှ ယူ-၁၉ အမျိုးသမီး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်လျက်ရှိ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်
မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်သည်။
ရှမ်းယူနိုက်တက်နှင့် ဘင်ဒေါင်းအသင်း ဧပြီ ၁၆ ရက်တွင် ကစားမည်
၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (၄) အဖြစ် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဧပြီ ၁၆ ရက်  မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။