အက်သလက်တီကိုမက်ဒရစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ရီးယဲလ်မက်ဒရစ်အသင်း စပိန်စူပါဖလား ဆွတ်ခူး

အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည့် MNL ယူ-၁၉ လိဂ်ပြိုင်ပွဲ ဇန်နဝါရီ ၁၄ ရက် စတင်မည်
မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပမည့် ၂၀၂၀ ရာသီ MNL ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက် တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆီရက်စ်နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအကြို  သတင်းစာရှင်းလင်းပွဲကျင်းပ
၂၀၂၀ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲပထမအဆင့်အဖြစ် ယှဉ်ပြိုင်ကစားမည့် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် အသင်းခေါင်းဆောင်တို့ တက်ရောက်ခဲ့သည်။
ကမ္ဘာ့ကြက်တောင်ချန်ပီယံ မလေးနိုင်ငံတွင်ယာဉ်တိုက်မှုဖြစ်ပွားရာ ဒဏ်ရာရရှိ
ကမ္ဘာ့ကြက်တောင်ချန်ပီယံ ကန်တိုမိုမိုတာ လိုက်ပါလာသောယာဉ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားရာ  မိုမိုတာ ဒဏ်ရာရရှိခဲ့ပြီး သူ့ကားမောင်းသမားကတော့ ဖြစ်ပွားရာနေရာတွင်မှာ သေဆုံးခဲ့ပါတယ်။ မိုမိုတိုဟာ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ မလေးရှားမာစတာ ပွဲစဉ်မှာ အနိုင်ရပြီး နာရီပိုင်းအတွင်းမှာ ကားတိုက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
တိုက်စစမှူး ဆွာရက်ဇ် ညာဘက်ဒူး ခွဲစိတ်ကုသမှုခံယူရမည်

မြန်မာနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်း ခြေစမ်းပွဲကစားမည်
၂၀၂၀ တိုကျိုအိုလံပစ်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီနောက်ဆုံးပတ်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။